ဟင်္သာတမြို့နယ်တွင် လေ​ဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်

ဟင်္သာတ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် အောက်တိုဘာ ၁၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုများ ကြောင့် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာခွဲ ၁၂ ရွာတို့ တွင်  ပြိုကျပျက်စီးအိမ်ခြေ ၄ လုံး၊ အမိုးလန် အိမ်ခြေ ၄၄ လုံး၊ အိမ်ထောင်စု ၄၈ စု၊ လူဦးရေ စုစုပေါင်း ၂၀၀ ဦးတို့အတွက်  ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး၊ ထောက်ပံငွေနှင့် ဆန်ရိက္ခာ စုစုပေါင်း ၂၀၇ဝ၀၀၀/- ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူး ကျော်စွာထွန်းနှင့် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုစိုး နှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုဇော်- ဟင်္သာတ