လောင်းလုံး မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်

လောင်းလုံး   အောက်တိုဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် သရုပ် ပြခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ခင်၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနိုင်ထွေး၊မြို့နယ်မီးသတ်ဦးဌာနမှ ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် တပ်ဖွဲ့ဝင်များတို့က လောင်းလုံး စည်ပင်သာယာမြို့မစျေးအတွင်း  မီးဘေးကြို တင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ ရက်လွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ပြုလုပ်ရသည့် အကြောင်းအရာများကို သရုပ်ပြသပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)