စုကလိမြို့တွင် မြို့လုံးကျွတ်ကထိန်အလှူတော်ကျင်းပ

စုကလိ အောက်တိုဘာ ၁၈

မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ တစ်နှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာတစ်လ တစ်လမှာတစ်ကျောင်း စသည့် ကထိန်အလှူတော်မင်္ဂလာအား ယမန်နေ့ နေ့လယ်ပိုင်းက စုကလိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့မိမြို့ဖများ အလှူဒါယိကာ/အလှူဒါယိကာမများက ပဒေသာပင်များ၊ လှူဖွယ်ဝတ္ထုအစုစုတို့အားကိုင်ဆောင်၍ မြို့ဦးစေတီအား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များအား ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး၊ အလှူရှင်များမှ ကထိန်သင်္ကန်းအား မုလအိကျောင်းဆရာတော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မုလအိကျောင်းထိုင်ဆရာတော်မှ ကထိန်သင်္ကန်းဆပ်လှူဒါန်းရခြင်းနှင့်အကျိုးတို့ကို စကောကရင်၊ မြန်မာဘာသာ နှစ်ဘာသာတို့ဖြင့် သံသရာမှလွတ်မြောက်ကြောင်း တရားရေအေးအမြိုက်ဆေးတို့ကိုတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်