စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

စုကလိ  အောက်တိုဘာ   ၁၈

စာဖတ်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား ပြည်လည်မျှဝေပေးခြင်း စာကောင်းပေမွန်များအား ဖတ်ရှုလေ့လာစေခြင်း စာပေမှရရှိနိုင်သော အသိပညာအတတ်ပညာများအား အကျိုးရှိရှိ အသုံးချတတ်စေရေး ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၁ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင်ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ စာမျက်နှာ ၃၂ ပါ ခွန်အားလေးပါး ဆောင်းပါးဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ အသင်းဝင် ဦးကျော်က ခေါင်းဆောင်၏ အခန်းကဏ္ဍများ၊ အသင်းဝင် ဒေါ်စိုးမို့မို့ဌေးက နေ့သစ်တိုင်းဟာအောင်မြင်ခြင်း ခေါင်းစဥ် ဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

စာဖတ်ဝိုင်းများအား စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် တစ်လလျှင် ၂ကြိမ်ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုပိုအောင်