သပိတ်ကျင်း အောက်တိုဘာ ၁၈
မန္တလေးတိုင်းသေကြီး၊ သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ဘတ်ဂျက်ကာလအတွင်း စီမံချက်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာရုံး များနှင့်ဌာနဝန်ထမ်းများ လုံခြုံရေးအထူးဂရုစိုက်ရန်၊ ကိုဗစ်-၁၉ရောဂါတွေ့ရှိမှုများပြားလာ သည့်အတွက် ကြိုတင်ကာကွယ်ရေး(Mask Campaing)များဆောင်ရွက်ရန်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲကျင်းပရေး၊ မြို့သာယာလှပရေးအတွက် အပတ်စဥ်သန့်ရှင်းရေးဆောင်ရွက်မှုတို့ကိုဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)