ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချီဖွေ  အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌   ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ည‌(၇)နာရီခွဲတွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်း Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့အသိပညာပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍  ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask)ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေး ဖြစ်သွားလာခြင်းများကို ရှောင်ကြည်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ထပ်ဆောင်းကာကွယ်ဆေးများ မပျက်မကွက် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူ့ဆေးရုံတွင် အချိန်မရွေး လာရောက်ထိုးနှံနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိဘပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စသည့် အသိပညာပေးခြင်းကို  မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)