သတင်းများ

ရန်ကင်းပညာရေး ဒီကရီကောလိပ် ပညာရေးဘွဲ့ ဘီအီးဒီ(B.Ed) စာပေးစာယူ အမှတ်စဉ်(၂/၂၂) သင်တန်းကြိုဆိုပွဲ အခမ်းအနား ကျင်းပ
Oct 19,2022
ရန်ကုန်၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပညာရေးဘွဲ့ဘီအီးဒီ(B.Ed)စာပေးစာယူ အမှတ်စဉ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်(မြတ်ပညာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းစာဖတ်ဝိုင်းပြုလုပ်
Oct 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းများ စာဖတ်ရှိန်မြင့်တက်လာစေရေးနှင့် ဌာနလုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက ၀န်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီ၏စီစဉ်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆန်များ အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ပေးအပ်
Oct 19,2022
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည် သူများမှလှူဒါန်းသည့် ဆန်များအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အခြေခံလူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Oct 19,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Oct 19,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဂွမြို့ မြို့မရပ်ကွက်တွင်  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Oct 19,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့မရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မလှိုင်မြို့နယ် ၊ ဖျောက်ဆိပ်ကုန်းကျေးရွာ  ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး
Oct 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ဖျောက်ဆိပ်ကုန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပေါက်တောမြို့နယ်၌ (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 19,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးပြီး (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။