နွားထိုးကြီး အောက်တိုဘာ ၁၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခြံမောင်မှ အောင်မြင်သူများတွေးကြပုံ၊ လူငယ်နှင့် အောင်မြင်မှု၊ လူငယ်နှင့်အောင်မြင်ရေး၊ အောင်မြင်မှုနှင့်လူငယ် ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အဖွဲ့ဝင် ဦးသိန်းထွန်းမှ အချိန်အကန့်အသတ်၊ အောင်ပွဲခံခြေလှမ်းများ၊ ကိုယ့်ကိုစီမံခန့်ခွဲခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုဦးစီးမှူး ဒေါ်နှင်းနုအေးမှ ဖတ်စရာစာများ၊ စိတ်ထားအလှ၊ ချစ်သောပုဂံ မြေဆီသို့၊ ပုဂံမြို့သစ်သို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ကြည်ကြည်စန်းမှ မုံရွာ၊ ဘုတလင်၊ ကျောက်ရေအိုး၊ လူငယ်နှင့်ဝေဟင် စိုးမိုးအောင်မြင်မှု၊ အောင်မြင်ရေးအတွက် လက်ကိုင်မှုခေါင်းစဉ် ဖြင့်ဆွေးနွေးပြီး မိမိတို့ဖတ်ရှုခဲ့သည့်စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်ပါအကြောင်း အရာများမှ နားလည်မှတ်သားထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူတစ်ဦးချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်