ဂွမြို့ မြို့မရပ်ကွက်တွင်  မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ဂွ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့မရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ကော်မရှင်အဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မရပ်ကွက်တွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေးစာရင်းရှိ လူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိန္တလီမြို့၌ မြို့ပေါ်(၃)ရပ်ကွက်အတွင်းတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေစာရင်းရှိ လူဦးရေနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/ မရှိ တိုက်ဆိုင် စစ်ဆေး ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ လဆန်းပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်