သတင်းများ

ချောက်မြို့၌ အသက်(၁၀)နှစ်ပြည့်မိန်းကလေးများ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Oct 19,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းတွင် ယ​နေ့နံနက် ၁၀နာရီအချိန်က အသက်(၁၀)နှစ်ပြည့် မိန်းက​လေးများအား သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို​ အောက်တိုဘာ ၁၈ ရက်​နေ့က စတင်ထိုးနှံ​ပေးလျက်ရှိသည်။
လှည်းကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်သည်။
မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 19,2022
ကယားပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဥပဒေအရာရှိရုံးတို့ပူးပေါင်းပြီး
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပွင့်ဖြူမြို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုးနှင့် နှာခေါင်းစည်းများ ထောက်ပံ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသိပ္ပံ (၂)ထပ်စာသင်ကျောင်း တည်ဆောက်ခြင်းလုပ်ငန်းများစစ်ဆေး
Oct 19,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျာက် ပြေလည်စေရန် ရည်ရွယ်၍  ပွင့်ဖြူမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်
Oct 19,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျေးရွာ(၁၀)ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက ကျောက်မြင့်ကျေးရွာအုပ်စု၊ ထန်းလေးပင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၊ တဂူသိမ်းဈေးရှိများတွင်တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/ မရှိ ကြည့်ရှုစစ်ဆေး
Oct 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ တဂူသိမ်ဈေးတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်း အဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။