သတင်းများ

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနှိုးဆော်ဆောင်ရွက်
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 20,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ အထကခွဲ(ရွှေဝါ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား  ယဉ်အန္တရာယ် ကင်းရှင်း​ရေး ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါစာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများစိုက်ပျိုးကာ ဆီဖူလုံစေရေး ဆီထွက်သီနှံနေကြာ မျိုးကောင်းမျိုးသန့်မျိုးစေ့များတောက်ပံ့
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများစိုက်ပျိုးကာ ဆီဖူလုံစေရေးအတွက်ရည်ရွယ်၍ အထွက်နှုန်းကောင်း၊ ဆီထွက်နှုန်းကောင်းသည့်  နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ထောက်ပံ့ပေးနေလျက်ရှိရာ 
တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Oct 20,2022
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက "စာရေးဆရာ လယ်တွင်းသားစောချစ်" ရေးသားသော "ပန်းများပွင့်စေမွှေး စေသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေးကွင်းဆင်းဆောင်ရွက်
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အ.မ.က(မူလွန်)တလုတ်ကုန်းနှင့် အ.မ.က(မူလွန်)ခင်တန်းကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဘူးသီးတောင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ မြို့မစျေး ရှေ့စျေးဆိုင်တန်းတွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Oct 20,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၆) မြို့သစ်တောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့မစျေးရှေ့ရှိ အား/ကာဈေးဆိုင်တန်းရှိ ဆိုင်ခန်း(၁)ခန်းတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 20,2022
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ ထက်မြက်လာစေရန် စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာစေရေးမြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာစေရေး မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။