မလှိုင်မြို့နယ် ၊ ဖျောက်ဆိပ်ကုန်းကျေးရွာ  ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး

မလှိုင်  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဖျောက်ဆိပ်ကုန်းကျေးရွာအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၅)ခုမှ အကြီးအကဲများက ဖျောက်ဆိပ်ကုန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့က ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းကဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်၊ ထို့နောက် အဖွဲ့ဝင်(၃) ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြော ကြားခဲ့သည်။ 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၄)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၂)ခု ၊ လျှပ်စစ်မီး ရရှိရေးကဏ္ဍ(၁)ခု၊ ပညာရေးကဏ္ဍ (၁)ခု ၊လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိရေးကဏ္ဍ(၁)ခု၊ သံကူကွန်ကရစ်တံတားရရှိရေး ကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်း (၆)ခု တို့အားဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြ တောင်းခံခဲ့ရာ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကဒ်ပြားအသစ်ပြုလုပ်သူ (၁၀)ဦးတို့အား ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေးနှင့်အဖွဲ့ဝင်များက ကာယကံရှင်များထံ ပေးအပ်ခဲ့သည်။

တစ်ဆက်တည်း အခမ်းအနားတက်ရောက်လာသူ ပြည်သူလူထု(၃၅၀)ဦး အနက် (၃၁၀)ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး (Booster)ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)