ပျဉ်းမနား အောက်တိုဘာ ၁၉
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည် သူများမှလှူဒါန်းသည့် ဆန်များအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အခြေခံလူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်များအား အခြေခံ လူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရွာကောက်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀)အတွက် ငွေကျပ်(၁၈၀၀၀၀)တန်ဖိုးရှိ အခြေခံစားကုန်ဖြစ်သည့် ဆန်(၁၀၀) ပြည်အား ပြည်သူများလက်ဝယ်အရောက် အခမဲ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)