ပေါက်တောမြို့နယ်၌ (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးပြီး (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုကြောင်း၊ ပေါက်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများအနက်မှ ကထိန်မရသေးသောဘုန်းတော်ကြီးကျောင်းများကို ကထိန်ဆက်ကပ်နိုင်ရေးအတွက် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း အလားတူ ဆင်ယင်ကျင်းနိုင်ရန်နှင့် ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံ၍ တက်ရောက်လာကြသော ဌာဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ပြောကြားသည်။

ဆက်လက်၍ မဟာဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် အလှူငွေများလက်ခံရေးဆပ်ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ အဖွဲ့ခေါင်းဆောင်များက ယခင်နှစ်များက ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)