ရေဦး အောက်တိုဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းများ စာဖတ်ရှိန်မြင့်တက်လာစေရေးနှင့် ဌာနလုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၉ ရက်မွန်းတည့် ၁၂ နာရီက ၀န်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ပြည်ထောင်စုရာထူး၀န်အဖွဲ့က ထုတ်ဝေထားသည့် ရုံးလုပ်ငန်းလက်စွဲပါရုံးစာရေးသားနည်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးနှင့်၀န်ထမ်းများက ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ စာအထားအသို၊ အကြောင်းအရာ ခေါင်းစဉ်တပ်ခြင်း၊ ရုံးစာရေးသားနည်း(၉)မျိုးနှင့် အသုံးပြုရေးသားရမည့် ခေါင်းစဉ်(၇)မျိုးပါ အကြောင်းအရာများကို ဖတ်ကြားခဲ့ကြသည်။ ဆက်လက်ပြီး၀န်ထမ်းများမှ ရုံးစာရေးသားနည်းနှင့် ရုံးစာရေးသားရာတွင် အသုံးပြုရမည့်ခေါင်းစဉ်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)