အမ်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ

အမ်း နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် အသိပညာပေးနံရံအသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပုံရိပ်များ ကဗျာများ၊ ကာတွန်းများ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်အား အများပြည်သူများဖတ်ရှုလေ့လာနိုင်ရေး ပြသဆောင်ရွက်ထားရှိခဲ့ရာ စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ဦးစီးအရာရှိက သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း