ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကနစိုးကုန်း‌ကျေးရွာအုပ်စု၊ ကနစိုးကုန်းကျေးရွာ၊ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော သခင်မကျောင်း” (ခရစ်ယာန်ကျောင်း) သာသနာ့ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး မန်းသန်းလှထွန်းနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၂၃၀)ဦးခန့်နှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကျေးလက်လမ်း ခင်းကျင်းရန် လျှာထားမှုများ၊ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုတို့အား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန် လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သောလုံခြုံရေးအစီအမံများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဝါးခယ်မ-ကျုံမငေး မော်တော်ယာဉ်လမ်းရှိ ကျူးကျော်အဆောက်အဦးများ၊ လယ်ယာမြေအငြင်းပွားမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)