ပြည် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ထန်းပေါက်ကျေးရွာ ကွင်းအမှတ်၊ ၇၄၁(D)ရှိ တောင်သူ ဦးအောင်ပြည့်၏ မိုးစပါးစံပြကွက် တစ်ဧက၌ ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ တစ်ဧကအထွက်နှုန်း စပါး(အစို)(၁၁၀ ဒသမ ၁၇) တင်းထွက်ရှိကြောင်းနှင့် ခြောက်သွေ့ပြီးစပါးတစ်ဧက အထွက်နှုန်း (၁၀၃) တင်းခန့်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများထံမှ သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ယင်းစံကွက်သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံမိုးစပါးစိုက် တောင်သူ(၃၆)ဦးတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တစ်ဧက မိုးစပါး (တင်း ၁၀၀) အထက်ထွက်ရှိရေး (ဧက ၁၀၀ စံပြကွက်)တွင် ပါဝင်ပြီး ယင်းဧက(၁၀၀)စံပြကွက်၌ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာနှင့်သွင်းအားစုများ အပါအဝင်အထွက်တိုးမျိုးစပါး GW(11)မျိုးဖြင့် တောင်သူများနှင့်အတူ စနစ်တကျပျိုးထောင်စိုက်ပျိုးခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)