သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

သထုံ        နိုဝင်ဘာ          ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်၊ ပဲခူးစုတွင် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က လျှပ်စစ်မိန်းခုံမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်မီးသတ်စခန်းနှင့် ကျိုက္ကော်၊ သိမ်ဆိပ်၊ တံတားဦး အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများသွားရောက်ပြီး မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့် ဝိုင်ဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း၊  မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)