နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှု

နမ့်ဆန် နိုဝင်ဘာလ ၉

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် စာပေကို စိတ်ဝင်စားသည့် ကျောင်းသား/သူများကို အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့  လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ နေ့စဉ်နေ့တိုင်း လာရောက်ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်၊ စာစောင်များအပြင်၊ ကလေးများ ကြိုက်နှစ်သက် သော ပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်၊ ရုပ်ပြကာတွန်းများ၊ မိုးသောက်ပန်းဂျာနယ်၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများ ကြိုက်နှစ်သက်သော ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စေရန်အတွက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာအုပ်ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကလေးစာဖတ်ခန်းများတွင်လည်း ကလေးများ ပျော်ရွှင်စေရန်အတွက် ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကလေးစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ ဉာဏ်စမ်း ပဟေဌိ ပြိုင်ပွဲ စသည့် ပြိုင်ပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်