နမ့်ခမ်း နိုဝင်ဘာ ၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်စိုးထိုက်(သုံးဆယ်) ရေးသားထုတ်ဝေသည့် “တာဝန်ကိုယ်စီရှိပါသည်”စာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေး ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာန၏ ရည်ရွယ် ချက်များဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်နှင့်အညီ ဒေသခံပြည်သူ များမှ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ အပတ်စဉ်စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိရာ စာပေဝါသနာအချင်း ချင်းမှ အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးဖလှယ်စေခြင်း၊ လူငယ်လူရွယ်များမှ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရရှိစေရန် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုင်းညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်စိုးထိုက်(သုံးဆယ်) ရေးသားထုတ်ဝေသည့် စာအုပ်တွင် “တာဝန်ကိုယ်စီ ရှိပါသည်” ခေါင်းစဉ်ပါ အကြောင်းအရာများ ဦးဆောင် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းဝင်များက စာအုပ်ပါ "ကလေး တွေ ဘေးမတွေ့စေဖို့"၊ "လူမိုက်နောင်တ မဖြစ်ကြဖို့"၊ “ဆရာဒေါကျေးဇူး အထူးသိကြသူများ”၊ ‘‘ဆရာဒေါကို နှမြောကြသူများ’’နှင့် စသည့် စာအုပ်ပါအကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘဦး (နမ့်ခမ်း)