နတ်မောက်မြို့နယ်   န-လက်ခုပ်ပင်  အနောက်ကွင်းတွင် ကုလားပဲများ စတင်စိုက်ပျိုး

နတ်မောက် နို၀င်ဘာ ၉

နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် အနောက်ဘက်ရှိ လက်ခုပ်ပင်အနောက်ကွင်း လယ်မြေများ၌   ကုလားပဲသီးနှံများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

န-လက်ခုပ်ပင်အနောက်ကွင်းရှိ လယ်မြေများသည်  နတ်မောက်ရေလှောင်တမံမှ ပို့လွှတ်သော ဆည်ရေကို ပဲ့ဆည်ဖမ်း၍  တိုက်ရိုက်သောက်စနစ်ဖြင့် မိုးစပါး၊ နွေးစပါးစိုက်ပျိုးခဲ့သော လယ်များ ဖြစ်ကြောင်း၊ ၂၀၂၁- မိုးရာသီတွင် ချောင်းရေတိုက်စားပြီး ပဲ့ဆည်ပျက်စီးနေ၍ စပါးစိုက်မရတော့သဖြင့် ၂၀၂၂၁-ခုနှစ် ဆောင်းရာသီတွင် ကုလားပဲတစ်သီးတစ်ကြိမ် စိုက်ပျိုးထားသော လယ်မြေများ ဖြစ်ကြောင်း လယ်သမားများက  ပြောသည်။

ယခုနှစ်ဆောင်းရာသီတွင် မုန်တိုင်းမိုးဖြင့် မြေအစိုဓာတ်ရရှိထား၍ န-လက်ခုပ်ပင် အနောက်ကွင်းရှိ လယ်သမားများသည် ကုလားပဲသီးနှံများကို ထွန်စက်ဖြင့်လည်းကောင်း၊ နွားထွန်းရှဉ်းဖြင့်လည်း ကောင်း၊ ထယ်ရေးပြင်ထွန်ယက်ကာ ကုလားပဲ သီးနှံများ စိုက်ပျိုးနေပြီ ဖြစ်သည်။

ကုလားပဲစိုက်ပျိုးရာတွင် ကုလားပဲဖြူလုံးကြီး စိုက်ပျိုးကြသကဲ့သို့ ရွှေဝါလုံးလတ်၊ လုံးသေးကုလားပဲ မျိုးများကို ဝယ်ယူစိုက်ပျိုးကြကြောင်း ကုလားပဲဖြူလုံးကြီးတစ်ပြီးလျှင် (၅၅၀၀)ကျပ်နှုန်း၊ ရွှေဝါ ကုလားပဲမျိုးတစ်ပြီလျှင်  (၅၀၀၀) ကျပ်နှုန်း ဝယ်ယူရကြောင်း တောင်သူ ဒေါ်မြဟန်က ပြောသည်။ နိုဝင်ဘာလ တတိယပတ်အတွင်း န-လက်ခုပ်ပင် အနောက်ကွင်း လယ်မြေများတွင် ကုလားပဲ သီးနှံများ အပြီးစိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း