အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း Mask Campaign ဆောင်ရွက်

အမ်း  နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်တွင် အမ်းတပ် နယ်စျေးရှေ့လမ်းမ၌ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉အသိပညာပေးဆောင်ရွက်ရာတွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များလာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာ လှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉မျိုးရိုး ဗီဇပြောင်းအိုမီခရွန် မျိုးစိတ် သစ်BA-5 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာ ခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ်ဆေး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း