လှည်းကူး နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် (BookClub) အဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး အန္တရာယ်တာဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လှည်းကူးမြို့နယ် (BookClub) အဖွဲ့ဝင် ဒေါ်သင်းသင်းရွှေက မူးယစ်ဆေးဝါးစတင် ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးရောက်ရှိလာသော အကြောင်းများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပက်သက်သည့် ရှောင်ရန်အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)