မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသူ(၃၅)ဦးအား (HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေး

မိုင်းခုတ် နိုဝင်ဘာ

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ ကျောင်းသူ(၃၅)ဦးအား ယမန်နေ့က (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဝမ်ကောင်းကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်)မှ ကျောင်းသူ(၄)ဦး၊ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)မှ ကျောင်းသူ(၅)ဦး၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)မှ ကျောင်းသူ(၉)ဦး၊ အခြေခံပညာမူလတန်းကျောင်း (၅၈၀)မှကျောင်းသူ(၃)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)မှ ကျောင်းသူ(၁၄)ဦး၊ စုစုပေါင်းကျောင်းသူ(၃၅)ဦးကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကွင်းဆင်းကာထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးရာတွင် စာရင်းရေးသွင်းခြင်းနှင့် လိုအပ်သည့်အကူအညီများအား သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)