လက်ပံတန်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်းနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " အမျိုးသားနေ့" အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အသိပညာပေး Talk Show ဆွေးနွေးရခြင်း ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာပေချစ်သူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာ မြင့်သိန်း (ရွှေတောင် ချည်/ ထည်/ ချော) က အမျိုးသားနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အမျိုးသားစိတ်ဓာတ်အခန်းကဏ္ဍအရေးကြီးပုံ၊ လိုက်နာကျင့်ဆောင်သင့်သည့် မျိုးချစ်စိတ်ဓာတ် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)