ကလိန်အောင်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာ‌ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ယနေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က၁၃၈၄ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့အကြို အထိမ်းအမှတ်ဖြစ်ကျောင်း သား/သူများ အနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်လိုစိတ်ရှိစေရန်အကျယ် တဝင့် ရှင်းလင်း ပြောကြားပေးပြီး ကလေးများအနေဖြင့်အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းမွန်သော ယှဉ်ပြိုင်လိုစိတ်များဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာပေဗဟုသုတများ လေ့လာမှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်ဖြစ် ဟောပြောခဲ့ကြောင်းသိရသည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်နေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အထက-ကလိန်‌ အောင်‌ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၂)ဦးက ပြသထားသောနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)