ခရမ်း နိုဝင်ဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီ အသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ် အ ထ က (ကွမ်းမိုးဒိန်း) ကျောင်းတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။
အဆိုပါသင်တန်းကို ခရမ်းမြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျေးရွာများသို့ကွင်းဆင်းကာ စာတွေ့၊ လက်တွေ့၊ ရှေးဦးပြုစုနည်းနှင့် အရေးပေါ်အသက်ကယ်နည်း စနစ်များကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းထူးချွန်သူများကို ဆုများပေးအပ်ချီးမြှင်ခဲ့ပြီး သင်တန်တက်ရောက်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။
ကိုမင်း ( ခရမ်း )