ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေး
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ အသိပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။