သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေမှုအား ကြည့်ရှုအားပေး
Nov 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသခံပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှု ရှိစေရေးအတွက် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထွက်ခွာ
Nov 10,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား(၄၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
မိုင်းယုမြို့၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေး
Nov 10,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကြီးလူငယ်၊ အရွယ်မရွေး၊ ကျား/မမရွေး လူကုန်ကူးခံရခြင်းမဖြစ်ပေါ်စေရေးအတွက် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အကြောင်း Talk show ပြုလုပ်
Nov 10,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကြောင်းအရာများနှင့် အတွေ့အကြုံများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သဘင်ပညာရှင် ဧရာဝတီသန့်ဇော်နှင့်အတူ Talk show အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်။
မြို့သစ်မြို့နယ်၌ စိုက်ပျိုးထားသည့် မိုးစပါးများအောင်မြင်ဖြစ်ထွန်း
Nov 10,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရန် အနည်းငယ်​မျှသာလိုတော့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်း ရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်လွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အ​ခြေခံစား​သောက်ကုန် ဆန်၊ ဆီနှင့်အသား၊ ငါး၊ ဟင်းသီး/ဟင်းရွက်များကို စျေးနှုန်းချိုသာစွာ​ဖြင့် ရောင်းချ​ပေး
Nov 10,2022
မ​ကွေးတိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်းအတွင်း၌ တိုင်းဒေသကြီးအစိုရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချသည့် ဆန်များနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ ရောင်းချသည့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီး/ဟင်းရွက်များကို စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေး ဆွေးနွေးပွဲဆောင်ရွတ်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်= လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။