ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေမှုအား ကြည့်ရှုအားပေး

ဟိုပုံး နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသခံပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှု ရှိစေရေးအတွက် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မီးရှူးမီးပန်းအလှများပစ်ဖောက်ခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများပျော်ရွှင်စွာ မီးပုံးငယ်များလွှတ်တင်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ဒေသခံပြည်သူများ၏ မီးပဒေသာလှည့်လည်ပူဇော်ခြင်းနေမှုအားကြည့်ရှု အားပေးပြီးနောက် ညမီးကြီးမီးပုံးပျံ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် တိုင်းရင်းသားရိုးရာ အကအလှမျာ၊ တေးဂီတအစီအစဉ်များ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ကပြဖျော်လျက်ရှိကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင်  ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်ရာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)