ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ဘုတ်ပြင်း   နိုဝင်ဘာ    

ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့်  ‘‘လောကဇာတ်ခုံပေါ်မှာ’’ စာအုပ်ဖြင့် ယနေ့နံနက်က စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန္ဒာဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များ ရှင်းဆွးနွေးပြောကြားသည်။ ယင်းနောက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ရာ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန္ဒာဦးက ‘‘ရေဆန်ကိုလား လှော်ရမှာပဲ၊ စိတ်ကူးနဲ့ လက်တွေ့၊ နိုးကြလော့ ထကြလော့’’ စသည့် စာအုပ်ပါအကြောင်းအရာကိုလည်းကောင်း၊ စာပေဝါသနာရှင် မပိုးဖြူက ‘‘လောကဇာတ်ခုံပေါ်မှာ၊ စိတ်ဆန္ဒတန်ခိုးနှိုးလော့၊ ရသ၏အသုံးချတန်ဖိုးစသည့် စာအုပ်ပါအကြောင်းအရာများကို လည်းကောင်း၊ စာဖတ်ပရိတ်သတ် ဇင်မာထွေးက ‘‘တိုင်းတာမပြနိုင်သော်လည်း မြင်သာသိသာသောစေတနာနှင့် စာပေနှင့်မွေ့လျော်စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြ ပြီး စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများကလောကဇာတ်ခုံပေါ်မှာစာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ အမြင်များ ရှုထောင့်အမျိုမျိုးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)