မိုင်းနောင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ နားကန်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် နားကန်းအခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအားလုံး စာဖတ်ရှိန်မြင့်မားစေရန်၊ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ပေးကြောင်းသိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့်မူးယစ်ဆေးဝါးဥပဒေများ၊လူငယ်များအားလုံး (Vape)အန္တရာယ် များကို ရှောင်ရှားကြရန် ရှင်းလင်းဟောပြောကာ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ပြသပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)