အောင်မြေသာစံမြို့နယ် အခွန်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 17,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာဟောပြောပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ နဝဒေးခန်းမ၌ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်သည်။