ရေကြည်မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့

ရေကြည် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကွင်းချောင်းကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် ဇူလိုင်လ (၁၄) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်လဲ့ရည်ချို (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ‌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု့ကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀,၀၀၀) ကျပ်၊ ကျား (၂) ဦး၊ မ (၂) ဦး၊ စုစုပေါင်းလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၂ဝ,ဝဝဝ)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၀,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်  (ပြန်/ဆက်)