ပုသိမ်ကြီး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကအုန်းချော ခန်းမဆောင်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာကြီးဦးစန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းက အ.ထ.က အုန်းချောကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို