ဆိပ်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အလိုက်သင်ကြားလျက်ရှိသည့် ဆရာ/ဆရာမများနှင့် Grade – 12 ကျောင်းသား/ကျောင်းသူများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းတို့က ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားတိုးတက်ရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုရှင်းလင်းပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ယခင်ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲများမှ ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းများကိုလည်းကောင်း၊ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆိုင်ရာ လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပေးသည်။ ၎င်းနောက် Grade – 12 ဘာသာရပ်သင်ကြားလျှက်ရှိသည့် ဆရာ/ ဆရာမများက ဘာသာရပ်များအလိုက်သင်ကြားမှု ကျောင်းသား/ကျောင်းသူများ၏ အားနည်းချက် /အားသာချက် ဆန်းစစ်မှုအခြေအနေများကို တင်ပြခဲ့ကြပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောများ ပြောကြားပေးပြီး လိုအပ်သည်များကိုပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဇွဲ (အညာမြေ)