ပန်းတနော် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသီးနှံများအား ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) စီမံကိန်းတွင် Exporter Company အဖြစ် ပါဝင်ဆောင်ရွက်မည့် Si Pwar Trading Co.,Ltd မှ တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး(၁)၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းလင်းက Rice Export Zone နှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ပြီး၊ Si Pwar Trading Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နော်ခင်ခင်က Rice Export Zone ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် Rice Export Zone စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ခြင်းကို ဆက်လက်လုပ်ဆောင်ရာ မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းနှင့် တာဝန်ရှိသူများ ကတောင်သူများထံသို့ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)