ကျောက်တံခါးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ကျောက်တံခါး  ဇူလိုင် ၁၇                

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်တံခါးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တံခါးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ကျောက်တံခါးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ (Grade-9)ကျောင်းသား မောင်အောင်ခန့်သူက လူငယ်နှင့်အပေါင်းအသင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-9)ကျောင်းသား မောင်ခန့်ကိုကိုသွင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-9)ကျောင်းသား မောင်ရှင်းသန့်သူက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)ကျောင်းသူ မသွန်းကြယ်စင်ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)ကျောင်းသူ မသန့်သီရိက လူငယ်နှင့်စူးစမ်းလေ့လာမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း(ပြန်/ဆက်)