လပွတ္တာမြို့တွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

လပွတ္တာ   ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလ(၅)တန်နှင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းနှင့်အသိပညာ ပေးဟောပြောပွဲကို အ.ထ.က.(၂)ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်အိအိနွယ်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ဘေဘီမို့က သွေးလွန် တုပ်ကွေးရောဂါနှင့် မြွေအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမူသွင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီးလူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား/ သူများမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေသဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)