သတင်းများ

မက်မန်းမြို့နယ်တွင် တပေါင်းလပြည့်နေ့ မင်းရန်အောင်စေတီတော်ကြီး၌ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ပရိတ်ပဋ္ဌာန်များ ရွတ်ဖတ်ပူဇော်ခြင်း ကျင်းပ
Mar 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် တပေါင်းလပြည့်နေ့ မင်းရန်အောင်စေတီတော်ကြီး၌ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းကို  ယမန်နေ့ ညနေ ၆ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် အင်ကြင်းတောင်ဘုရားပွဲ၌ စတုဒီသာ ကျွေးမွေးလှူဒါန်းသူများဖြင့်စည်ကား
Mar 06,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ယနေ့တပေါင်းလပြည့်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော အောင်သာယာရပ်ကွက်ရှိ အင်ကြင်းတောင် ဘုရားပွဲ ကို စည်ကားသိုက် မြိုက်စွာကျင်းပလျက်ရှိရာ
မိုင်းတုံမြို့၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
Mar 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအနီး ဦးအောင်ဇေယျဘုန်းကြီးကျောင်းဝန်းရှိ ဓမ္မရုံ၌ မိုင်းတုံမြို့နယ်၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့်အဖွဲ့မှကြီးမှူး၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ၅-၃-၂၀၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။
ညောင်တုန်းမြို့နယ်၌ (၁၅၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၅၇)ကြိမ် မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
Mar 06,2023
ရမည်းသင်းမြို့နယ်၊ လှိုင်အုပ်စု ဆည်တိုကျေးရွာ ထောင့်ကြန်ချင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ အလျား၈၀ပေ×အနံ ၅၀ပေသွပ်မိုး ပျဥ်ကာ ၂ ထပ် ကျောင်းဆောင်မှာ ယမန်နေ့ မွန်းလွဲ၂နာရီခွဲခန့်အချိန်၌ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းက သတင်းရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမှု အသိပညာ​ပေးဆောင်ရွက်
Mar 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူတို့ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အိမ်ယာဝန်း (စက်ဆန်း) ၌ ယမန်​နေ့ ညနေပိုင်းက မြို့နယ်မီးသတဦးစီးဌာန၊ တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမှုများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်၌ (၆၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် စတင်ကျင်းပ
Mar 06,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက်ဘုရာကြီးကုန်းပေါ်တွင် (၆၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကိုကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ဇိနမာရ်အောင် လွတ်လပ်ရေးအောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား) တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Mar 06,2023
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)တွင် တည်ထားကိုးကွယ်တော်မူသော ဇိနမာရ်အောင် လွတ်လပ်ရေးအောင်စေတီတော်မြတ်ကြီး (ကျောက်တောင်ကြီးဘုရား)တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တပေါင်းလပြည့်နေ့ ယမန်နေ့ နေ့လယ် ၂ နာရီခွဲ ကျင်းပခဲ့ကြောင်း သိရသည်။