မြဝတီမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
Mar 07,2023
ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။