သံဖြူဇရပ်မြို့နယ်တွင် အင်ကြင်းတောင်ဘုရားပွဲ၌ စတုဒီသာ ကျွေးမွေးလှူဒါန်းသူများဖြင့်စည်ကား

သံဖြူဇရပ် မတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ယနေ့တပေါင်းလပြည့်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော အောင်သာယာရပ်ကွက်ရှိ အင်ကြင်းတောင် ဘုရားပွဲ ကို စည်ကားသိုက် မြိုက်စွာကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ စတုဒီသာများ ကျွေးမွေးလှူဒါန်းသူများဖြင့် အထူးစည်ကားလျက်ရှိပြီး၊ အလားတူ တပေါင်းလပြည့် နေ့၌သံဖြူဇရပ်မြို့နယ်အတွင်း ဖောင်စိန်ရပ်ကွက်၌ သာသနာ ၂၅၀၀ ဘုရားပွဲကျင်းပခြင်း၊ ကျုံကဒတ်ကျေးရွာတွင် ဘုရားထီးတော်တင်ပွဲ လှည့်လည်၍ ကျင်းပပြုလုပ်ခြင်း၊ ဝါခရူ ကျေးရွာတွင် ဘုရားဌာပနာတော်ကျင်းပခြင်းများတွင် ပြည်သူများဖြင့်အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)