ညောင်တုန်း မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၅၇)ကြိမ် မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဆွမ်းဆန်စိမ်း လောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များက သံဃာတော် (၁၇၀)ပါးနှင့် သီလရှင်(၃၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)