မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမှု အသိပညာ​ပေးဆောင်ရွက်

ရန်ကုန် မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူတို့ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အိမ်ယာဝန်း (စက်ဆန်း) ၌ ယမန်​နေ့ ညနေပိုင်းက မြို့နယ်မီးသတဦးစီးဌာန၊ တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမှုများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ​ဟောပြောပွဲတွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ မီးသတဦးစီးဌာန၊ ဦးစီးမှူးက မီးလောင်းကျွမ်းမှုနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ပြဆင် ဆောင်ရွက်သင့်သည့်အကြောင်းအရာများ၊ မီးလောင်မှုဖြစ်ပွားပါက လိုက် နာဆောင်ရွက်ရမည့် နည်းလမ်းများကို တက်ရောက်လာကြသည့် မိသားစုများအား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များကအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများနှင့်ပတ်သက်၍ ဝန်ထမ်းမိသားစုဝင်များကို လက်တွေ့ လုပ်ဆောင်ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဝန်ထမ်းမိသားစု ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မိုးမင်းမောင် (ပြန်/ ဆက်)