လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ရမည်းသင်း မတ် ၆

ရမည်းသင်းမြို့နယ်၊ လှိုင်အုပ်စု ဆည်တိုကျေးရွာ ထောင့်ကြန်ချင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ အလျား၈၀ပေ×အနံ ၅၀ပေသွပ်မိုး ပျဥ်ကာ ၂ ထပ် ကျောင်းဆောင်မှာ ယမန်နေ့ မွန်းလွဲ၂နာရီခွဲခန့်အချိန်၌ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းက သတင်းရသည်။

အဆိုပါ မီးလောင်းမှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးမောင်ရွှေသိန်း ဦးဆောင်ကာ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် ဦးစီးကာ အရာရှိ ၄ ဦးနှင့် မီးသတ်တပ်ဖွဲဝင်၂၀ ဦးတို့ဖြင့် ငြိမ်းသတ်ယာဥ်(၂)စီး ရေသယ်ယာဥ်(၂)စီး ရောက်ရှိငြိမ်းသတ်ခဲ့ရာ ၁၄:၃၇တွင် မီးညွန့်ကျိုးထိန်းနိုင်ခဲ့ပြီး ၁၄:၄၃တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိပါကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးစုစုပေါင်း ၃၄၅၀၀၀၀ ကျပ်တိတိ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

ခရိုင်(ပြန်/ဆက်)