နမ့်ဆန်မြို့နယ်၌ (၆၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် စတင်ကျင်းပ

နမ့်ဆန် မတ်လ ၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက်ဘုရာကြီးကုန်းပေါ်တွင် (၆၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကိုကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ်တပေါင်းလဆန်း (၁၃)ရက်မှ(၁၅)ရက်နေ့ထိ ကျင်းပမြဲဖြစ်သည့် တပေါင်းပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ကုန်ရောင်းသူများ၊ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိပြီး၊ တောင်ပေါ်ဒေသတွင်နေထိုင်သော လက်ဖက်တောင်သူများ ရွှေဖီဦးလက်ဖက် စတင်ဆွတ်ခူးသည့်အချိန် ကျင်းပသည့်ပွဲဖြစ်တာကြောင့် လက်ဖက်တောင်သူများက ရွှေဖီချိန်အလုပ်ခွင်ဝင်ရန် စားသောက်ကုန်များ၊ ဝယ်ယူစုဆောင်းခြင်း၊ လက်ဖက်ခြံအသုံး အဆောင်ပစ္စည်းများဖြစ်သည့် ဖျာ၊ ဓား၊ ခမောက်၊ လွယ်အိတ်စသည့်အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူသည့်အချိန်မို့ ဈေးရောင်းသူ များက  နမ့်ဆန်မြို့တပေါင်းပွဲကို အလွန်စိတ်စားကြသည်။

ထို့ပြင် မဟာမြတမုနိဘုရားကြီးကို အများပြည်သူကြည်ညိုဖူးမြော်နိုင်စေရန် တံခါးဖွင့်ပေးထား ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တပေါင်းပွဲလပြည့်နေ့တွင် အာရုဏ်ဆွမ်း အားနံနက်(၆) နာရီအချိန်မှစ၍ လာရောက် ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)