သတင်းများ

လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Mar 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
တောင်ကုတ်မြို့  မြို့မကျက်သရေဆောင်ဖောင်တော်ဦးစေတီတော်၌ ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပ၊ မြို့နယ်တွင်း အထင်ကရနေရာများတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ
Mar 06,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်၌ မြို့မ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းပွဲကျင်းပ
Mar 06,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အပ်နှင်းမဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 06,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့်ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၆)ရက် နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရပ်စောက်မြို့ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့် ဆီမီးကိုးထောင်ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Mar 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (တပေါင်းလပြည့်နေ့) ဗုဒ္ဓပူဇာနိယ တပေါင်းပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့ အမှတ်( ၂)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Mar 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ ညနေ ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ်တင်လှူပူဇော်
Mar 06,2023
 ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်း‌ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုတင်လှူပူဇော်ခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 06,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မီးသတ်ဦးစီးဌာနှင့် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့တို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သံဖြူဇရပ်မြို့နယ် အမှတ်(၁)နှင့် (၂)အခြေပညာအထက်တန်းကျောင်း၌ ကွင်းဆင်းစစ်ဆေးသည်။