မိုင်းတုံမြို့၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

မိုင်းတုံ မတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအနီး ဦးအောင်ဇေယျဘုန်းကြီးကျောင်းဝန်းရှိ ဓမ္မရုံ၌ မိုင်းတုံမြို့နယ်၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့်အဖွဲ့မှကြီးမှူး၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ၅-၃-၂၀၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။

ရှေ့ဦးစွာ၊ မန္တလေးစာသင်တိုက် ဆရာတော်ဥူးပညာဒီပက ကလေးငယ်များကို နွေရာသီကျောင်းပိတ်ရက်တွင် အပြင်ထွက်လည်ပတ်နေမဲ့အစား ဗုဒ္ဓ၏သားငယ်/သမီးငယ်များ ဖြစ်ကြသည့်အတွက် ယဉ်‌ကျေးလိမ္မာသည်သားငယ်/သမီးငယ်များ ဖြစ်စေရန်ရည် ရွယ်ဖွင့်လှစ်ပေးတာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုတာဘာကို ခေါ်ဆိုလည်းဆရာတော်က အကျယ်တဝန်းရှင်းလင်းပြောကြားပြီးနောက် ဆရာတော်နှင့်တက်ရောက်လာသည့် ဧည့်သည်တော်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာဥက္ကဋ္ဌနှင့်အဖွဲ့များ၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွင် တက်ရောက်သည့်ကလေးငယ်များမှ ဩကာသကန့်တော့ကျိုးဖြင့် ဖွင့်လှစ်ပေးသည်။

အဆိုပါသင်တန်းကို ၅-၃-၂၀၂၃မှ ၁၅-၃-၂၀၂၃ အထိဖွင့်လျှင်ပြီး ညနေ ၅ မှ ၆ နာရီခွဲအထိ တစ်ရက်လျှင် တစ်နာရီခွဲသင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း ဆရာတော် ဥူးပညာဒီပထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)