မက်မန်း မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် တပေါင်းလပြည့်နေ့ မင်းရန်အောင်စေတီတော်ကြီး၌ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့နယ်တွင် တပေါင်းလပြည့်နေ့ မင်းရန်အောင်စေတီတော်ကြီးတွင် သတင်းသီလ ဆောက်တည်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်းကားလျက်ရှိရာ မက်မန်းမြို့ ဌာနဆိုင်ရာများ၊ ဝတ်အသင်းသူ/အသင်းသားများက မင်းရန်အောင်စေတီတော်ကြီးအား ဆီမီးများ ကပ်လှူပူဇော်ကြခြင်း၊ ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုအပြင် ဘုရားဖူးလာကြသူများနှင့် ဝတ်အသင်းသူ/အသင်းသားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကူများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)